Image

Saturday, June 7, 2014

ကမ္ဘာ.ဖလား ဖော်လို နှင်. စနေည ခြေစမ်းပွဲများ အကြောင်း

ကမ္ဘာ.ဖလား ဖော်လို နှင်. စနေည ခြေစမ်းပွဲများ အကြောင်း
-------------------------------------------------------------


ကမ္ဘာ.ဖလားပြိုင်ပွဲကြီး ကျင်းပဖို. ရက်ပိုင်းလေးပဲ လိုပါတော.တယ်။ ဘောလုံးပွဲ ငတ်မွတ်နေသူတွေအဖို. ကမ္ဘာ.ဖလားပြိုင်ပွဲကြီးဟာ ရင်ခုန်သံတွေကို သယ်ဆောင်လာပါပြီ..။ ကျနော်တို.  T . . F . O အဖွဲ.ကလည်း ကမ္ဘာ.ဖလားအတွက် ပြင်ဆင်လေ.လာလျက် ရှိပါတယ်။ ဒီနေရာမှာ T . F . O အကြောင်း မသိသေးသူတွေကို မိတ်ဆက်ပေးပါရစေ။ T . F . O ဆိုတာ ကျနော် ၊ ကိုဟန်စိုးသွေး ၊ SOCCER-FOLLOW တို.က ဘောလုံးပွဲတွေကို ခန်.မှန်းပေးနေတဲ. အုပ်စု ဖြစ်ပါတယ်။ T . F . O ဆိုတာက TIPS FOR ORPHANS လို. အဓိပ္ပါယ်ရပါတယ်။MEMBER၀င်ချင်ရင် တစ်လကို ကျပ်ငွေ တစ်သောင်း သတ်မှတ်ထားပါတယ်။ နောက်ဆုံးရ အချက်အလက်တွေ နဲ. အတူ နောက်ဆုံးအာရှဈေးကွက် အနေအထားတွေ ၊ အသင်းစရိုလက္ခဏာတွေ စသဖြင်. ကျနော်တို.လေ.လာသုံးသပ်ပြီး member တွေဆီ တယ်လီဖုန်း မက်ဆေ.ခ်ျ ပေးပို.သွားမှာ ဖြစ်ပါတယ်။ T . F . O ရဲ. အသတင် ၀င်ငွေရဲ. ၄၀% ကို မိဘမဲ. ကလေးငယ်လေးတွေအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ T . F . O ကို ပြီးခဲ.တဲ. ဧပြီလ (၂)ရက်နေ.ကတည်းက စတင်ခဲ.ပြီး အခုဆို MEMBER ၁၀၀ ကျော် ရှိပါတယ်။ဧပြီလနဲ.မေလအတွက် စုစုပေါင်း ၁ရ သိန်း လှူဒါန်းနိုင်ခဲ.ပါတယ်။ သီးသန်းအလှူဒါန ထည်.၀င်သူတွေလဲ ပါပါတယ်။  အသေးစိတ်သိချင်ရင် ၀၉ ၂၅၀ ၃၄၅ ၁၇၇ ဆီ ဖုန်းဆက် မေးမြန်းနိုင်ပါတယ်။ ကျနော်တို. T . f . o ကို လေ.လာအားပေးကြပါဦးလို. ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။
ကမ္ဘာ.ဖလား ဖော်လို
တချို.က ကမ္ဘာ.ဖလားပြိုင်ပွဲမှာ ဘော်ဒီအောက် ဂိုးအောက် တွေချည်း အားပေးရင် အချိန်တန်ရင် ကိုယ်.အတွက်ကျန်စေရမယ်လို. ဆိုကြတယ်။ တချို.က သုံးသင်း၊ လေးသင်း ကို စိတ်ကြိုက်ရှာဖွေပြီး မွေးစားလေ.ရှိပါတယ်။ တချို.က ကိုယ်ကြိုက်တဲ.အသင်းတွေ အားပေးကြတယ်။ တချို.က အာရှဈေးကွက်ကြည်. အားပေးကြတယ်။ တချို.က ကလန်ဒါကျတွေ အားပေးကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်. အတွေးအမြင် ကိုယ်.အယူအဆနဲ.ကိုယ်ပါပဲ။ ကျနော်ကတော. Follow စိတ်ဝင်စားသူတွေအတွက် tfostars.blogspot.com မှာ “ ဈေးအပြောင်းဆုံးပွဲများ နှင်. မဖြစ်သင်.သော အနေအထားများ “ ဆိုတဲ. ကဏ္ဍ ကို ပြုလုပ်ပေးထားပြီး ညစဉ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို အခမဲ. ၀င်ရောက်ကြည်.ရှုနိုင်ပါတယ်။  လာမယ်. ကမ္ဘာ.ဖလားမှာ ဂိုးအောက်တွေ မြူးလာနိုင်တယ်လို. ယေဘူယျတွက်ဆထားပါတယ်။ ဘရာဇီးနိုင်ငံရဲ.လက်ရှိအပူချိန်ဟာ ကျနော်တို.နိုင်ငံ အပူချိန်နဲ. အတူတူလောက် ရှိနေတာမို. ပွဲဆက်များမယ်. ပြိုင်ပွဲဝင်အသင်းသားတွေအတွက် ပွဲချိန်ပြည်. ကစားနိုင်ပါ.မလားဆိုတာ တွေးစရာပါပဲ။ ကမ္ဘာ.ဖလားဂိုးပေါင်းကိုစဉ်းစားတဲ.အခါ ခေါင်းကြီးကိုယ်သေး ၊ ခေါင်းသေးကိုယ်ကြီးတွေကို သတိထားရပါမယ်။ ခေါင်းကြီးကိုယ်သေးဆိုတာက တိုက်စစ်ပိုင်းကောင်းပေမယ်. ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ဟာကွက်တွေ ရှိနေတဲ. အသင်းတွေကို ဆိုလိုတာပါ။ အဲဒိအသင်းတွေဟာ ဂိုးတွေသွင်းနိုင်ပေမယ်. ဂိုးတွေလဲ ပြန်ပေးရလေ. ရှိပါတယ်။ အိတ်ပေါက်နဲ. ဖားကောက် အသင်းတွေလို.လဲ ဆိုရမလားပဲ ။ ခေါင်းသေးကိုယ်ကြီး ဆိုတဲ. အသင်းတွေဆိုတာက တိုက်စစ်ပိုင်း အားနည်းပြီး ခံစစ်ကောင်းတဲ. အသင်းတွေကို ဆိုလိုတာပါ။  ဥပမာပြောရရင် ခေါင်းကြီးကိုယ်သေး အသင်းဖြစ်တဲ. အာဂျင်တီးနားဟာ ဂိုးတွေသွင်းနိုင်စွမ်း ရှိနေသလို ဂိုးတွေလဲ ပြန်ပေးရဖွယ်ရှိပါတယ်။ ဒါကြောင်. ခေါင်းကြီးကိုယ်သေး အာဂျင်တီးနား ကစားမယ်.ပွဲတွေမှာ ဂိုးပေါင်းအပေါ်ကို သတိထားရပါမယ်။ ခေါင်းသေးကိုယ်ကြီး အသင်းဆိုတာက ဂရိလို အသင်းမျိုး ဖြစ်ပါတယ်။ ဂရိဟာ တိုက်စစ်ပိုင်း အားနည်းပြီး ခံစစ်ပိုင်း တောင်.တင်းတဲ. အသင်းဖြစ်ပါတယ်။ ခရိုအေးရှားကိုတောင်မှ ခေါင်းသေးကိုယ်ကြီးလို. ပြောရပါမယ်။ ခရိုအေးရှားကွင်းလယ်နဲ. ခံစစ်က မဆိုးလှပေမယ်. တိုက်စစ်ကတော. ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မန်ဇူကစ်ကိုပဲ အားကိုးရမယ်. အနေအထားပါပဲ။ ဒါကြောင်.ခရိုအေးရှားဟာ ပီရီဆစ် ၊ရာကီတစ်၊ မိုဒရစ်တို.ရဲ. ကွင်းလယ်ဂိုးသွင်းအားကိုပဲ အားကိုးရမယ်. အခြေအနေဖြစ်နေပါတယ်။ နောက်ထပ် ကျနော်တွေးမိတာက အစောဆုံးပွဲတွေရဲ. အနေအထားတွေကို စောင်.ကြည်.တာဟာ အကျိုးမယုတ်ဘူးလို.ထင်ပါတယ်။ ဘရာဇီးနိုင်ငံရဲ. နေ.လည်အချိန်မှာ ကန်မှာမို. အောက်အသင်းတွေပဲ မြူးမလား၊ ဂိုးအောက်တွေပဲ အစောဆုံးပွဲတွေ ဆက်တိုက် ဖြစ်ပေါ်လာမလား။ စောင်.ကြည်.ရပါမယ်။ အုပ်စု ပထမဆုံးပွဲတွေမှာ အာရှဈေးကွက်တွေကိုချည်း တွက်ဆလို. မရပါဘူး။ ပြိုင်ပွဲကြီးအစ မှာအာရှဈေးကွက်ဖွင်.လှစ်တာတွေကိုချည်း တွက်ဆလို. မရပါဘူး။ အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော. အခေါ်အပြောတွေ follow တွေကို အတွေ.အကြုံနဲ. ယှဉ်ပြိး စဉ်းစာသင်.ပါတယ်။ ဆရာလုပနေတာ မဟုတ်ပါဘူး။ ကိုယ်.ဘာသာ ပြန်သတိပေးနေတာ ဖြစ်ပါတယ်။ follow ရဲ. အခြေခံ သဘောတရားတစ်ခု ဖြစ်တဲ. နပိုလီယန် သဘောတရားကိုလဲ ကမ္ဘာ.ဖလားလို ပြိုင်ပွဲကြီးတွေမှာ မမေ.လျော.သင်.ပါဘူး။ နပိုလီယန်သဘောတရာီးဆိုတာကတော. ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ဆိုတာပါ..။ ဥပမာ ဟွန်ဒူးရပ်စ်လို အသင်းငယ်လေးက ပြင်သစ်လို အသင်းကြီးကို တက်နိုင်ရင်လဲ နိုင်သွားနိုင်ပါတယ်။ သြစတြေးလျက စပိန်နဲ. သရေကျချင်ကျသွားနိုင်ပါတယ်။ ကမ္ဘာ.ဖလားပြိုင်ပွဲမှာ ဘော်ဒီနဲ. ဂိုးပေါင်း သဟဇာတ ဖြစ်မဖြစ် သဘောတရားကို ထည်.တွက်လို. မရပါဘူး။ နိုင်ငံပွဲတွေမှာ ဂိုးပေါင်းဈေးက ပျော.ပျောင်းလေ. ရှိတာ ဓမ္မတာပါပဲ..။ အသင်းတွေရဲ. စရိုက်လက္ခဏာတွေကို ကြည်.ရာမှာလဲ မဇ္ဈိမ နည်းကျကျ စဉ်းစားသင်.ပါတယ်။ နားချိန်မရဘဲ အုပ်စုသုံးပွဲ ကစားရမှာမို. အခုပွဲ ခြေတစ်မျိုး နောက်ပွဲကျ နောက်တစ်မျိုးလဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင်. ဘယ်လောက်ပဲ အသင်းငယ် ဖြစ်ပါစေ ။ ဟန်ချက်ညီတဲ. အသင်းတွေ အသင်းလိုက် ကစားအားကောင်းတဲ. အသင်းတွေကို စဉ်းစားသင်.ပါတယ်။ ရှေ.လယ်နောက် ဟန်ချက်သာညီမယ်ဆိုရင် ကိုယ်.ထက်အင်အားကြီးတဲ. အသင်းကိုလဲ ဖြိုနိုင်မှာပါ။
စနေညခြေစမ်းပွဲများ
စနေညမှည ခြေစမ်းပွဲတွေ ရှိပါတယ်။ ခြေစမ်းပွဲတွေက နယ်ဘက်တွေမှာ ရေပန်းစားပါတယ်။ ဒီမှာကတော. အွန်လိုင်းသပားတွေလောက်ပဲ အားပေးခွင်.ရကြပါတယ်။ စနေညခြေစမ်းပွဲတွေမှာ အခုလောလောဆယ် ၄ ပွဲပဲ အာရှဈေးကွက်ဖွင်.လှစ်ပါသေးတယ်။ ဘယ်လ်ဂျီယံနဲ. တူနီးရှားပွဲမှာ ဘယ်လ်ဂျီယံက နှစ်ဂိုး(၇၀)နိုင် အကျောပေးထားပြီး ဂိုးပေါင်းက သုံးဂိုးကို (၅၀)နိုင် ဖွင်.လှစ်ထားပါတယ်။ ဘယ်လ်ဂျီယံရဲ. ခြေစွမ်းက နောက်ဆူံး ခြေစမ်းပွဲနှစ်ပွဲဆက်တိုက် အနိုင်ရထားတဲ.အတွက် အကောင်းဘက်မှာ ရောက်နေတာပါ။ တူနီးရှားကတော. ဘာဖိအားမှ မရှိပါဘူး။ ဘယ်လ်ဂျီယံက ကမ္ဘာ.ဖလားအုပ်စုအဖွင်.ပွဲကြောင်. အခုပွဲမှာ အားစိုက်ဖို. မသေချာပါဘူး ။ တူနီးရှားကသာ ခပ်မာမာတုန်.ပြန်လာခဲ.ရင် ဘယ်လ်ဂျီယံ အခက်တွေ.သွားနိုင်ပါတယ်။ ဒီလိုပွဲမျိုး ဒီလိုအချိန်အခါမျိုးမှာ အရန်တွေကိုပဲ ဘယ်လ်ဂျီယံ စမ်းသပ်သုံးစွဲပါလိမ်.မယ်.။ ဒီအနေအထားမှာ ဘယ်လ်ဂျီယံနှစ်ဂိုးပြတ်နိုင်နေတာတောင်မှ ပျော်လို.မရဘဲ ရင်ထတ်နေရဦးမယ်. အခြေအနေပါ။ ဘယ်လ်ဂျီယံရဲ. အကျောပေးမှုက သင်.တင်.မှုရှိပေမယ်. ဘယ်လ်ဂျီယံကိုပဲ အများစု အားပေးကြပါလိမ်.မယ်။ ဘယ်လ်ဂျီယံကိုပဲ အကြိုက်တွေ.ပါတယ်။ အာဂျင်တီးနားနဲ. ဆလိုဗေးနီးယားပွဲမှာ အာဂျင်တီးနားက နှစ်ဂိုး (၆၀)နိုင်အကျောပေးထားပါတယ်။ ဂိုးပေါင်းက သုံးဂိုးကို (၁၅)နိုင်ဖွင်.လှစ်ထားပါတယ်။ ဒီပွဲမှာလဲ အောက်ပဲ စဉ်းစားသင်.ပါတယ်။ အာရှဈေးကွက်ဖွင်.လှစ်သူတွေဟာ ဒီပွဲမှာ အာဂျင်တီးနား နိုင်လဲ အလွန်ဆုံးနှစ်ဂိုးပဲ လို. တွက်ဆထားပုံရပါတယ်။ ဒါကြောင်. ရင်ရဲမယ်ဆိုရင် အာရှဈေးကွက်ဖွင်.သူတွေနဲ.အတူ ဆလိုဗေးနီးယားကို အားပေးသင်.ပါတယ်။ အာဂျင်တီးနား သုံးဂိုးပြတ်ဖို. မလွယ်ပါဘူးလို. အာရှဈေးကွက်က ညွှန်းဆိုနေပါတယ်။ အင်္ဂလန်နဲ.ဟွန်ဒူးရပ်စ်ပွဲမှာ အင်္ဂလန်က တစ်ဂိုးကို ၄၀ ရှုံးအကျောပေးထားတာ အနည်းငယ် ပြင်းရှပါတယ်။ ဒီလိုအချိန်မျိုးမှာ နှစ်သင်းစလုံး ရှောင်ကစားကြမှာမို. ကျနော်ကတော. ဂိုးအောက်ကို ကြိုက်ပါတယ်။ ဂိုးပေါင်းက (၂)ဂိုးကို (၈၀)ရှုံး ဖွင်.လှစ်ထားပါတယ်။ နှစ်သင်းစလုံး နောက်ဆုံးကစားခဲ.တဲ. ပွဲတွေမှာ ဂိုးပေါ်ခဲ.တာတောင် ဂိုးပေါင်းဈေးက ပြင်းရှသင်.သလောက် မပြင်းရှပါဘူး။ ဂိုးပေါင်းအောက်ကိုပဲ စဉ်းစားသင်.ပါတယ်။ အမေရိကန်နဲ. နိုင်ဂျီူရီးယားပွဲမှာ အမေရိကန်က သရေ(၈၀)ရှုံး ဖွင်.လှစ်ထားပါတယ်။ အမေရိကန် နှစ်ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ခြေစမ်းပွဲ သုံးပွဲဆက်တိုက် အနိုင်ရဖို.ဆိုတာ မလွယ်ပါဘူး။ နိုင်ဂျီးရီးယားကတော ခြေစမ်းပဲါနှစ်ပွဲဆက်တိုက် သရေကျထားပြီး ကျေနပ်လောက်စရာ မပြင်ဆင်ပြရသေးဘူးလို. ဆိုရပါမယ်.။  နိုင်ဂျီးရီးယားကိုပဲ ရွေးချယ်ချင်ပါတယ်။
ဒီတစ်ပတ်ခြေစမ်းပွဲတွေမှာ အင်္ဂလန်ဂိုးအောက်၊ တူနီးရှား၊ ဆလိုဗေးနီးယား ၊နဲ. နိုင်ဂျီးရီးယားတို.ကို ရွေးချယ်လိုက်ပါတယ်။  လာမယ်.အပတ် ပြန်ဆုံကြတာပေါ. ။  T . F . O ကိုလဲ လေ.လာအားပေးကြပါဦးလို. ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။ SKY SOCCER ပရိသတ်ကြီး ကမ္ဘာ.ဖလားမှာ အောင်မြင်ပါစေလို. ။ ။

No comments:

Post a Comment