Image

Wednesday, June 4, 2014

ဂျာမနီ အသင်းမှာ ဖီးလစ်လမ်းနဲ. နူယာ မသေချာ

ဂျာမနီ အသင်းမှာ ဖီးလစ်လမ်းနဲ. နူယာ မသေချာ

လာမယ်. သောကြာညမှာ ဂျာမနီအသင်းဟာ အာမေးနီးယား နဲ. ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး ဂျာမနီအသင်းမှာ အသင်းခေါင်းဆောင် ဖီးလစ်လမ်း နဲ. ဂိုးသမား နူယာတို. ပါဝင်ဖို. မသေချာဘူးလို. သိရပါတယ်...။

နူယာနဲ.ဖီးလစ်လမ်းတို.ဟာ ဘိုင်ယန်မြူးနစ်နဲ.အတူ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားရင် ဒဏ်ရာ ရရှိခဲ.ကြလို. ကြံ.ခိုင်မှု ပြည်.၀ဖို. ရုန်းကန်နေကြရပါတယ်။

ဒုတိယအသင်းခေါင်းဆောင် ရှဝိုင်းစတိုင်ဂါကလဲ ကြံ.ခိုင်မှု ပြည်.၀ဖို. ရုန်းကန်နေရပါတယ်။ ဒါပေမယ်. ရှဝိုင်းစတိုင်ဂါက ပြန်ကစားနိုင်ဖို. အပြင်းအထန်ကုသထားတာမို. နီးစပ်နေပါပြီ။

ဂျာမနီအသင်း လက်ထောက်နည်းပြ ဘီယာဟောဖ်ကတော. အဆိုပါ ကစားသမား (၃)ဦးလုံး ဂျာမနီအသင်းရဲ. အဖွင်.ပွဲစဉ်မှာ ပြန်ပါဝင်နိုင်သင်.တယ်လို. ဆိုပါတယ်။ ဂျာမနီအသင်းဟာ အဖွင်.ပွဲစဉ်မှာ ပေါ်တူဂီအသင်းနဲ. ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ. အဓိက ကစားသမားတစ်ဦးဖြစ်တဲ. အိုဇေးလ်ဟာ ကင်မရွန်းနဲ.ပွဲမှာ ခြေစွမ်း မပြနိုင်ခဲ.လို. ဂျာမနီနည်းပြ လို စိုးရိမ်ပူပန်နေရပါတယ်။

No comments:

Post a Comment