Image

Thursday, June 5, 2014

နည်းစနစ်ပိုင်း အဆင်သင်.မဖြစ်သေးသော နယ်သာလန် ဝေဖန်ခံနေရ

နည်းစနစ်ပိုင်း အဆင်သင်.မဖြစ်သေးသော နယ်သာလန် ဝေဖန်ခံနေရ


နယ်သာလန်အသင်းဟာ ပြီးခဲ.တဲ. ခြေစမ်းပွဲနှစ်ပွဲမှာ အကောင်းဆုံးပုံစံ မပြသနိုင်ဘဲ နည်းစနစ်ပိုင်း မတည်မငြိမ် ဖြစ်နေတာကြောင်. မီဒီယာတွေက ဝေဖန်သုံးသပ်လိုက်ကြပါတယ်။

နယ်သာလန်နည်းပြ ဗန်ဂါးလ်ဟာ ခြေစစ်ပွဲတွေမှာ ၄-၃-၃ ကစားကွက်နဲ. အတူ တိုတယ်ဖုဘော ကစားနည်းကြောင်. ရလဒ်ကောင်းတွေ ရရှိခဲ.တာ ဖြစ်ပါတယ်။ ဒါပေမယ်. ဗန်ဂါးလ်က လာမယ်.ကမ္ဘာ.ဖလားပြိုင်ပွဲမှာ ၅-၃-၂ ကစားကွက် အသုံးပြုသွားမယ်လို.ဂါနာနဲ. ခြေစမ်းပွဲမတိုင်မှီ ဆိုခဲ.ပါတယ်။

ဒီနောက်မှာ နယ်သာလန်ဟာ ဂါနာကို ၅-၃-၂ ကစားကွက်နဲ. ရင်ဆိုင်ခဲ.ပြီး ခြေစွမ်းမပြနိုင်ဘဲ ၁-၀ နဲ.ဘဲ အနိုင်ရခဲ.ပါတယ်။

နယ်သာလန်နည်းပြ ဗန်ဂါးလ်ဟာ ဝေလအသင်းကို ၂-၀ နဲ. အနိုင်ရခဲ.တဲ. ခြေစမ်းပွဲမှာတော. ၄-၄-၂ ကစားကွက်ကို ပွဲအစမှာ အသုံးပြုခဲ.ပြီး တိုတယ်ဖုဘော ကစားဟန်ကို ဖျောက်ဖျက်ခဲ.ပါတယ်။ ဒုတိယပိုင်းမှာတော. ဗန်ဂါးလ်ဟာ တိုတယ်ဖုဘောနဲ.အတူ ၄-၃-၃ ကစားကွက်ကို ပြောင်းလဲ.ခဲ.ပြန်ပါတယ်။

ဗန်ဂါးလ်ကတော. “ ဒါကတော. အသင်းပြင်ဆင်မှုရဲ. ဖြစ်စဉ်တစ်ခုပါပဲ။ ကျနော် အာမခံနိုင်တာကတော. Pressing game ဖိအားပေးကစားသွားမှာ ဖြစ်ပြီး ပိုကောင်းတဲ.အသင်းတွေကို တိုက်စစ်ဆင်ဖိအားပေးသွားမှာပါ။ဝေလနဲ.ပွဲမှာ ကျနော်တို. ခြေစွမ်းမပြနိုင်ခဲ.တာက ဝေလအသင်းဟာ တစ်သင်းလုံး ဘောလုံးရဲ.နောက်မှာ ပိတ်ဆို.ကစားနေလို.ပဲ ဖြစ်ပါတယ် “ လို. ဖြေရှင်းပြောဆိုခဲ.ပါတယ်။ 

No comments:

Post a Comment