Image

Wednesday, June 4, 2014

၂၀၁၀ တုန်းက မှန်ကန်ခဲ.သော EA SPORTက ၂၀၁၄ မှာ ဂျာမနီကို ရွေးထား

၂၀၁၀ တုန်းက မှန်ကန်ခဲ.သော EA SPORTက ၂၀၁၄ မှာ ဂျာမနီကို ရွေးထား



ကမ္ဘာကျော် EA sport ကုမ္ပဏီက လာမယ်. ၂၀၁၄ ကမ္ဘာ.ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း ချန်ပီယံဖြစ်လိမ်.မယ်လို. တွက်ချက် ဖော်ပြလိုက်ပါတယ်…။
EA ဟာ ၂၀၁၀ကမ္ဘာ.ဖလားပြိုင်ပွဲတုန်းက စပိန် ဗိုလ်စွဲမယ်လို. ဘယ်သူမှ ထင်မှတ်မထားတဲ. ဟောကိန်းကို ထုတ်ခဲ.တာပါ။ အခုလဲ အဲဒီတုန်းက အချက်အလက်တွေအတိုင်း တွက်ချက်ဖော်ပြလိုက်ရာမှာ ဂျာမနီ ဗိုလ်စွဲလိမ်.မယ်လို. ဆိုပါတယ်။
2014 ကမ္ဘာ.ဖလားပြိုင်ပွဲမှာ ကစားကြမယ်. ပွဲစဉ်တွေအတိုင်း EA က ပုံစံငယ်စီစဉ်ပြီး ဖြတ်သန်းစေတာ ဖြစ်ပါတယ်။  EA က ဗိုလ်လုပွဲမှာ ဂျာမနီနဲ. ဘရာဇီး တွေ.ဆုံပြီး မိနစ် (၉၀)မှာ ၁-၁ သရေကျမယ်လို. ဆိုပါတယ်။ အချိန်ပိုမှာ ဂျာမနီက အနိုင်ဂိုးသွင်းပြီး ၂-၁ နဲ. ချန်ပီယံဖြစ်မယ်လို. ဆိုပါတယ်။ စပိန်က တတိယနေရာလုပွဲမှာ ပေါ်တူဂီကို ၃-၁ နဲ. အနိုင်ရပြီး တတိယရမယ်လို. ဆိုပါတယ်။
EA ရဲ.တွက်ချက်မှုအရ အင်္ဂလန်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင်. မှာ ကိုလံဘီယာကို ပင်နယ်တီအဆုံးအဖြတ် ၄-၃ နဲ. အနိုင်ရပါလိမ်.မယ်။ကွာတားဖိုင်နယ်မှာတော. စပိန်နဲ. ဆုံတွေ.ပြီး ၂-၀ နဲ. ရှုံးနိမ်.မယ်လို. EA က ဖော်ပြပါတယ်။
ဂျာမနီအတွက် အချိန်ပိုမှာ အဖိုးတန်ဂိုးသွင်းပေးခဲ.သူက အသက် ၃၅ နှစ်အရွယ် ကလိုဆေး လို EA က ဖော်ပြပါတယ်။
စပန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းနဲ. တွေ.ပြီး မိနစ်(၉၀) မှာ ဂိုးမရှိသရေကျပါလိမ်.မယ်။ ပင်နယ်တီအဆုံးအဖြတ်မှာဂျာမနီက ၅-၄ နဲ. နိုင်မယ်လို. EA က ဆိုပါတယ်။
ဘရာဇီးတိုက်စစ်မှူး နေမာက ရွှေဖိနပ်ဆုကို စုစုပေါင်း (၆)ဂိုးနဲ. ရရှိပြီး ရွှေဘောလုံးဆုကိုလဲ နေမာပဲ ရရှိမယ်လို. EA က ဆိုပါတယ် ။

No comments:

Post a Comment