Image

Monday, June 9, 2014

ကြားရက်ခြေစမ်းပွဲတွေအပေါ် ကျော်မျိုးဟန် သုံးသပ်ချက်



ကြားရက်ခြေစမ်းပွဲတွေအပေါ် ကျော်မျိုးဟန် သုံးသပ်ချက်
---------------------
တောင်ကိုရီးယား နဲ. ဂါနာ ခြေစမ်းပွဲကို တနလာင်္ည (အင်္ဂါနံနက်)မှာ ယှဉ်ပြိုင်ကစားကြပါမယ်။ မီယာမီမှာ ခြေစမ်းကြမှာဖြစ်ပြီး နှစ်သင်းစလုံး ဖိအားကိုယ်စီ ခံစားနေရပါတယ်။ ဂါနာက သရေ (၄၀)ရှုံး အကျောပေးထားပါတယ်။ တောင်ကိုရီးယားက နောက်ဆုံးခြေစမ်းခဲ.တဲ.ပွဲမှာ တူနီးရှားကို အိမ်ကွင်း ဆိုလ်းမှာ ၀-၁ နဲ. အရေးနိမ်.ခဲ.တယ်။ ဂါနာက နောက်ဆုံးခြေစမ်းပွဲမှာအိမ်ရှင်နယ်သာလန်ကို ၁-၀ နဲ. အရေးနိမ်.ခဲ.တယ်။ဆိုရရင်တောင်ကိုရီးယားကဖိအားဒဏ်ပိုခံစားနေရပါတယ်။ ၈ါနာကလဲနောက်ဆုံးခြေစမ်းပွဲ(၃)ပွဲဆက်တိုက်ရှုံးနိမ်.ထားပါတယ်။ဖိအားတွေ ခံစားနေရတဲ. နှစ်သင်း တွေ.ဆုံကြတဲ.အခါ တိုက်စစ်ပိုင်းကလဲ မထက်မြက်ရင် ဂိုးအောက် ဖြစ်ဖို. ရာနှုန်းများပါတယ်။ တောင်ကိုရီးယားက တူနီးရှားကို ရှုံးနိမ်.ခဲ.ရာမှာ ဘယ်နောက်ခံအစွန်လူ ကင်ဂျင်စု ဒဏ်ရာရသွားလို. နစ်နာခဲ.ရသလို ဂါနာကလဲ နယ်သာလန် နဲ. ခြေစမ်းပွဲမှာ နောက်ခံလူ အကာမင်ဂိုကို ဆုံးရှုံးခဲ.ရပါတယ်။ ဒါကြောင်. တောင်ကိုရီးယားရော၊ ဂါနာရော၊ နောက်ထပ်ကစားသမားတွေ ဆုံးရှုံးရမှာကိုစိုးရိမ်ကြပါလိမ်.မယ်။ကမ္ဘာ.ဖလားပြိုင်ပွဲကြီး နီးကပ်လာချိန်မှာ နှစ်သင်းစလုံး နောက်ဆုံးခြေစမ်းပွဲမှာ ဒဏ်ရာပြသနာကြုံချင်မှာ မဟုတ်ပါဘူး။ သွေးပူလေ.ကျင်.ခန်း ဆင်းရုံလောက်ပဲ ကစားကြပါလိမ်.မယ်။ ဒီကြားထဲ မီယာမီရဲ. အပူချိန်ကလဲ ရှိနေပြန်ပါတယ်။ ဒါကြောင်.အခုပွဲဟာ ၀-၀၊ ၁-၁ ပွဲလို.ပဲ ကျနော် ထင်ပါတယ်။ ဘော်ဒီအောက် ဂိုးအောက်ကိုပဲ စဉ်းစားရမယ်.ပွဲပါ..။ တောင်ကိုရီးယားက အဖွင်.ပွဲစဉ်မှာ ရုရှားကို ယှဉ်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ပွဲမှာ အယ်ဂျီးရီးယားကို ရင်ဆိုင်ရပါမယ်.။ ရုရှားနဲ.ပွဲဟာ တောင်ကိုရီးယားအတွက် နောက်တစ်ဆင်.တက်ဖို. အရေးပါတဲ.ပွဲဖြစ်နေပါတယ်။ ထို.နည်းတူစွာ ဂါနာကလဲ အုပ်စုပထမဆုံးပွဲမှာ အမေရိကန်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး အနိုင်ရမှသာ မျှော်လင်.ချက်ရှိမှာ ဖြစ်ပါတယ်။ ဂါနာက လက်ရှိအချိန်မှာ ကစားပုံ ပိုကောင်းနေတာတော. အမှန်ပါပဲ။ တစ်ဖက်က ပြန်တွေးကြည်.ရင်လဲ ဒီခြေစမ်းပွဲမှာ ရှုံးရင် ဖိအား ပိုများလာနိုင်ပါတယ်။ ဒါကြောင်. အခုပွဲဟာ သရေရလဒ်ဆီ ဦးတည်နေပါတယ်။ ပေါ်တူဂီနဲ. အိုင်ယာလန်ပွဲက အင်္ဂါည(ဗုဒ္ဒဟူးနံနက်)မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ပေါ်တူဂီမှာ စီရော်နယ်ဒို ပါမလား မပါမလားဆိုတာ မသေချာပါဘူး။ စီရော်နယ်ဒိုအနေနဲ. အသင်းနဲ. တွဲကစားနိုင်ဖို. ဒီခြေစမ်းပွဲတစ်ပွဲပဲ ကျန်တော.တာပါ။ ပေါ်တူဂီနဲ. ဂရိပွဲကို ကြည်.လိုက်ရသမျကတော. ပေါ်တူဂီ တိုက်စစ်က စီရော်နယ်ဒို မပါရင် အသက်မဲ.နေသလို ဖြစ်နေပါတယ်။ နာနီရဲ. ထိုးဖောက်မှုကိုပဲ အားကိုးနေရသလို ဖြစ်နေပါတယ်။ အိုင်ယာလန်ကတော. အသင်းသစ် နည်းပြသစ်နဲ.အတူ အသွင်သစ် ဖြစ်နေပြီး ကစားသမားတွေ ကြိုးစားနေကြပါတယ်။ ပေါ်တူဂီက တစ်ဂိုး(၆၀)နိုင် အကျောပေးထားပြီး ဂိုးပေါင်းက (၂)ဂိုးကို (၃၀)ရှုံး ဖွင်.လှစ်ထားပါတယ်။ ပေါ်တူဂီက ကမ္ဘာ.ဖလားပွဲဦးထွက်မှာ ဂျာမနီနဲ.ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင်. ဒဏ်ရာပြသနာ ကြုံတွေ.ချင်မှာ မဟုတ်ပါဘူး။ အားမွေးထားပြီး ဂျာမနီနဲ.ပွဲရောက်မှ အားကုန်ထုတ်မယ်. သဘောမှာ ရှိပါတယ်။ အိုင်ယာလန်ကတော. ရလဒ်ကောင်းရဖို. ကြိုးစားအားထုတ်မှာ အသေအချာပါပဲ။ တစ်ခုရှိတာက အိုင်ယာလန်ကို အားပေးမယ်. အစား ဂိုးအောက်ကို အားပေးတာက ပိုမကောင်းဘူးလား ဆိုတာပါပဲ။ ဆိုလိုတာက အိုင်ယာလန်အောင်ရင် ၀-၀ ၊ ၁-၁ ၊ ၀-၁ စတဲ. အကွက်တွေထဲကပဲ ဖြစ်လာမှာမို. အိုင်ယာလန်ကို အားပေးမယ်.အတူတူ ဂိုးအောကိကို အားပေးတာက ပိုကောင်းပါမယ်။ ပေါ်တူဂီတိုက်စစ်ကလဲ စီရော်နယ်ဒို ပါဝင်နိုင်ရင်တောင် အကောင်းဆုံး အနေအထား ရှိချင်မျ ရှိပါလိမ်.မယ်။ အိုင်ယာလန်က အီတလီကို သရေ ကစားထားနိုင်သလို ပေါ်တူဂီကိုလဲ ခံစစ်အားပြုပြီး သရေကစားဖို. ကြိုးစားပါလိမ်.မယ်။ ဒီပွဲမှာ ဘယ်အသင်း ဂိုးစသွင်းသွင်း ၊ တိုက်စစ်လျော.ချပြီး ခံစစ်အားပြုကြပါလိမ်.မယ်။ ဒါကြောင်. အာရှဈေးကွက်အရပဲ ကြည်.ကြည်. ၊ လက်ရှိအနေအထားတွေအရပဲ ကြည်.ကြည်. ဂိုးအောက်ကို အားပေးတာက အသင်.တော်ဆုံးပါပဲ။ ကြားရက် ခြေစမ်းပွဲနှစ်ပွဲစလုံး ဂိုးအောက်တွေကိုပဲ အားပေးသင်.ပါတယ်။

No comments:

Post a Comment