Image

Tuesday, June 3, 2014

အပြောင်းအလဲများစွာ လုပ်ခဲ.ခြင်းကို ပရန်ဒယ်လီရှင်းလင်း

 အပြောင်းအလဲများစွာ လုပ်ခဲ.ခြင်းကို ပရန်ဒယ်လီရှင်းလင်း

အီတလီနည်းပြ ပရန်ဒယ်လီဟာ အီတလီ ၀-၀ အိုင်ယာလန် ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ.တဲ. လူစာရင်းထဲက (၉)ဦးတိတိကို ချန်လှပ်ခဲ.လို. ဝေဖန်ပြစ်ခံနေရပါတယ်။ အိုင်ယာလန်နဲ. ခြေစမ်းပွဲမှာ ပါဝင်ခဲ.တဲ. ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ.ဗာရတ်တီ နဲ. မာချီစီယို တို.နှစ်ဦးပဲ အပြီးသတ်လူစာရင်းမှာ ပါဝင်လာခဲ.ပါတယ်။

အီတလီနည်းပြပရန်ဒယ်လီဟာ ဗဟိုကွင်းလယ်မှာ ဒီရော.စီ နဲ. ဗာရတ်တီတို.ကိုထားပြီး လာဇီယိုတောင်ပံကစားသမား ကန်ဒရီဗာနဲ. မာချီစီယိုတို.က ဘာလော.တယ်လီကို ပံ.ပိုးပေးတဲ. ပုံစံ ပွဲထွက်လာဖွယ် ရှိပါတယ်။

နောက်တန်းမှာ ပထမဦးစားပေးဂိုးသမားအဖြစ် ဘတ်ဖွန်၊ နောက်ခံအစွန်နှစ်ဖက်မှာ အေစီမီလန်ကစားသမားတွေဖြစ်တဲ. အဘာတီနဲ. စီဂလီယို တို.ကိုထားပြီး ဗဟိုကွင်းလယ်မှာတော. ဂျုဗင်တပ်ကွင်းလယ်အတွဲဖြစ်တဲ. ဘာဇာဂလီ နဲ. ချီယယ်လီနီတို.ကို အသုံးပြုဖွယ် ရှိပါတယ်။ လက်ရှိအချိန်မှာ ဘာဇာဂလီက အဖျားဝေဒနာ ခံစားနေရပါတယ်။

ပရန်ဒယ်လီက " ဘာလော.တယ်လီ အနာ်းငယ် ပင်ပန်းနေပါတယ်။ လေ.ကျင်.ရေးမှာ အပြင်းအထန်ကြိုးစားလို. ဖြစ်ရတာပါ။ ဒါပေမယ်. သူ.အခြေအနေကောင်းပါတယ်။ ရော.စီကို ရွေးမယလို. ကျနော်မပြောခဲ.ပါဘူး။ သူ.ရဲ.ခြေစွမ်းကို ကျနော်သဘောမကျလို. ချန်လှပ်ခဲ.တာပါ။ ကျနော်မြင်ချင်တဲ.ပုံစံမျိုး သူမပြနိုင်ခဲ.ပါဘူး။ ကျနော်ဟာ အသင်းအတွက်အကောင်းဆုံးဖြစ်မယ်.လူတွေကို ရွေးချယ်ခဲ.တာပါ.." လို. ဆိုပါတယ်။

No comments:

Post a Comment