Image

Thursday, June 5, 2014

အပူဒဏ်အခံစားရဆုံးအသင်းမှာ ဂျာမနီ နှင်. အီတလီ ဖြစ်နေ



 အပူဒဏ်အခံစားရဆုံးအသင်းမှာ ဂျာမနီ နှင်. အီတလီ ဖြစ်နေ

လာမည်. ဇွန်လ(၁၂)ရက် ကမ္ဘာ.ဖလားပြိုင်ပွဲမှာ ဘရာဇီး အပူဒဏ်ကို အခံစားရဆုံး အသင်းနှစ်သင်းမှာ ဂျာမနီနှင်.အီတလီတို. ဖြစ်ကြောင်း ဘလွန်းဘတ် သတင်းဌာနရဲ. တွက်ချက်ဖော်ပြမှုအရ သိရပါတယ်။

ဂျာမနီအသင်းဟာ ဘရာဇီးရဲ. အရှေ.မြောက်ပိုင်း မြို.တွေဖြစ်တဲ. ဆဲလ်ဗေဒေါ၊ ဖော်တာလီဇာ ၊ရီဆစ် တို.မှာ အုပ်စုပွဲတွေကစားရမှာ ဖြစ်ပြီး အဲဒီမြို.တွေဟာ အပူချိန်မြင်.မားနေတဲ. မြို.တွေဖြစ်သလို အုပ်စုအဖွင်.ပွဲနှစ်ပွဲကို နေ.လည် (၁)နာရီမှာ ကစားရမှာ ဖြစ်ပါတယ်။ 

ဂျာမနီအသင်းနည်းတူ အီတလီအသင်းဟာလဲ မြင်.မားတဲ. အပူဒဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။ အီတလီအသင်းဟာ အုပ်စုအဖွင်.ပွဲအဖြစ် အင်္ဂလန်ကိုရင်ဆိုင်ရမှာ ဖြစ်ပြီး အဲဒီပွဲကတော. ညနေပိုင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ကျန်အုပ်စုနှစ်ပွဲကိုတော. အီတလီဟာ ပူပြင်းတဲ. နေ.လည် (၁)နာရီမှာ ကစားရမှာ ဖြစ်ပါတယ်။ 

အိမ်ရှင်ဘရာဇီးအသင်းကတော. ရာသီဥတု သက်တောင်.သက်သာအဖြစ်ဆုံး အခြေအနေမှာ ကစားရမယ်. အသင်းတစ်သင်း ဖြစ်တယ်လို. ဘလွန်းဘတ်သတင်းဌာနက ဆိုပါတယ်။

No comments:

Post a Comment