Image

Wednesday, May 28, 2014

ယနေ.ည စကော.တလန်နှင်. နိုင်ဂျီးရီးယား ပွဲကို လုပ်ပွဲသံသယဖြင်. ရဲတပ်ဖွဲ. စစ်ဆေး

စကော.တလန်နှင်. နိုင်ဂျီးရီးယား ပွဲကို လုပ်ပွဲသံသယဖြင်. ရဲတပ်ဖွဲ. စစ်ဆေး

ဗြိတိန် အထူးရဲတပ်ဖွဲ.ဟာ စကော.တလန်နဲ. နိုင်ဂျီးရီးယား ခြေစမ်းပွဲကို လုပ်ပွဲသံသယနဲ. စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ.တယ်လို. သိရပါတယ်။

ဗြိတိန် အမျိုးသား ရာဇ၀တ်မှု အေးဂျင်စီ (NCA) ဟာ ဖီဖာနဲ. စကော.အက်ဖ်အေ တာဝန်ရှိသူများ နဲ.လဲ တွေ.ဆုံဆွေးနွေးခဲ.ပါတယ်။ ဒီပွဲကို ဖူလ်ဟမ်ရဲ. ခရေဗင် ကော.တေ.ခ်ျကွင်းမှာ ယနေ.ည ကျင်းပမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်ကစားသမားတွေ ဖြစ်တဲ. မီလ်ခေး ၊ မော.ဆက် ၊ ဒါရင်းဖလက်ချာ တို. ပါဝင်ကစားကြမှာ ဖြစ်ပါတယ်။ ဒါပေမယ်. အဲဒီ.ပရီးမီးယားလိဂ် ကစားသမားတွေ လုပ်ပွဲဖန်တီးသူတွေနဲ. ပက်သက်မှု ရှိမရှိ မသိရသေးပါဘူး။

အင်္ဂလန် အဆင်.နိမ်.တန်းတွေမှာ လုပ်ပွဲပြသနာတွေ ပေါ်ပေါက်နေပြီး ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေရပါတယ်။ ဖီဖာကလဲ ကမ္ဘာ.ဖလားပြိုင်ပွဲအပေါ် လုပ်ပွဲပြသနာ ဂယက်ရိုက်ခတ်လာမှာကို စိုးရိမ်နေပြီး ကစားသမားတွေကို ပညာပေး ဟောပြောဖို. စီစဉ်ထားပါတယ်။ စကာင်္ပူအခြေစိုက် လုပ်ပွဲဖန်တီးသူ တစ်ဦးက သူ.ရဲ.စာအုပ်ထဲမှာ ၂၀၁၀ ကမ္ဘာ.ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ဖို. အသင်းနှစ်သင်းကို သူအများကြီး ကူညီပေးခဲ.တယ်လို. ထုတ်ဖော်ရေးသားခဲ.ပါတယ်။

အပြစ်ရှိကြောင်း ၀န်ခံထားတဲ. လုပ်ပွဲဖန်တီးသူ ပီရူမယ် ဆိုသူကလဲ ဟွန်ဒူးရပ်စ် နဲ. နိုင်ဂျီးရီးယားတို. ကမ္ဘာ.ဖလား ခြေစစ်ပွဲအောင်ဖို. သူစွမ်းဆောင်ကူညီပေးခဲ.တယ်လို. ဆိုပါတယ်။

No comments:

Post a Comment