Image

Thursday, May 22, 2014

CHAMPIONS LEAGUE FINAL NEWS

အက်တလက်တီကို ကို ကျနော်တို. အနိုင်ထပ်ယူဦးမှာပါ ...

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရတ်ဘေးလ်က လာမယ်.စနေည ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အက်တလက်တီကို ကို အနိုင်ရယူပြီး ရီးယဲလ်အတွက် (၁၀)ကြိမ်မြောက်သရဖူကို အရယူသွားမယ်လို. ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ရီးယဲလ်ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲအဖြစ် အိမ်ကွင်းမှာ အက်တလက်တီကို ကို ရင်ဆိုင်ခဲ.ရတုန်းက (၀-၁) နဲ. အရေးနိမ်.ခဲ.ရပါတယ်။ ဒီနောက်မှာ စပိန်ဘုရင်.ဖလားဆီမီးဖိုင်နယ် အဖြစ် အက်တလက်တီကိုနဲ. ရင်ဆိုင်ခဲ.ရပြီး နှစ်ကျော.စလုံး ရီးယဲလ်မက်ဒရစ် အနိုင်ရခဲ.ပါတယ်။ ရီးယဲလ်ဟာ စပိန်ဘုရင်.ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ. တွေ.ဆုံခဲ.ပြီး ဂါရတ်ဘေးလ် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ.တာကြောင်. ဘာစီလိုနာကို အနိုင်ရ ဗိုလ်စွဲခဲ.ပါတယ်။

ချန်ပီယံလိဂ်မှာ (၅)ဂိုးသွင်းယူထားတဲ. ဂါရတ်ဘေးလ်က " ကမ္ဘာ.အကြီးကျယ်ဆုံး ဗိုလ်လုပွဲတွေကို ကစားချင်လို. ရီးယဲလ်ဆီ ပြောင်းရွှေ.ချင်ကြတာပါ။ အက်တလက်တီကို ဘယ်လောက်ကောင်းတယ်ဆိုတာ ကျနော်တို. သိထားပါတယ်။ ဒီရာသီမှာ သူတို. တော်တော်လေး တောင်.တင်းခိုင်မာပါတယ်။ ဒီရာသီမှာ သူတို.ကို အနိုင်ရခဲ.တာတွေ ရှိလို. ကျနော်တို. ယုံကြည်မှု မြင်.မားနေပါတယ်။ အက်တလက်တီကို ကို အနိုင်ထပ်ရဦးမယ်လို.လဲ ယုံကြည်ထားပါတယ် " လို. ဆိုပါတယ်

No comments:

Post a Comment