Image

Friday, May 23, 2014

BRAWL NEWS

ဘားဆိုင်မှာ ရန်ဖြစ်တဲ. ဒေးဗစ် မွိုက်စ်

ပြီးခဲ.တဲ.ရာသီ အခုလိုအချိန်မှာ မန်ယူပရိသတ်တွေရဲ. သူရဲကောင်းသဖွယ်ကြိုဆိုခံခဲ.ရတဲ. ဒေးဗစ်မွိုက်စ် ဟာ အခုတော. ရန်ဖြစ်တဲ.အမှုကို ရင်ဆိုင်နေရပါပြီ။

မန်ယူနည်းပြဟောင်း ဒေးဗစ် မွိုက်စ်ဟာ ပြီးခဲ.တဲ. ဗုဒဟူးညတုန်းက ဒေသခံ ၀ိုင်အရက်ဘားဆိုင်တစ်ဆိုင်ကို အပေါင်းအသင်းတချို.နဲ. သွားရောက် စားသောက်ခဲ.ပါတယ်။ ဒီအချိန်မှာ လူတစ်စုက ဒေးဗစ် မွိုက်စ်အပေါ် စော်ကားတဲ.စကားတွေ အော်ဟစ်ပြောဆိုလာကြပါတယ်။ ဒေးဗစ် မွိုက်စ်က အဲဒိလူစုရှိရာ သွားခဲ.တယ်။

လူစုထဲကတစ်ယောက်က " သောက်သုံးမကျလိုက်တာ၊ဘယ်တုန်းကမှ ဘာအောင်မြင်မှုမှ မရခဲ.ပါဘူး " လို.ပြောလိုက်ပါတယ်။

ဒီမှာတင် စကားများကြပြီး ပုလင်းတွေ ခုံတွေပါလာကြပါတော.တယ်။ ဒေးဗစ် မွိုက်စ်က လက်သမားဆရာ တစ်ဦးဖြစ်တဲ.ဂျီလီဘရန်း ဆိုသူရဲ. ဦးခေါင်းဘေးဘက်ကို ပုလင်းနဲ.ရိုက်လိုက်ပါတယ်။ ရဲတပ်ဖွဲ.တွေ ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို. သတင်းကြားသိရပါတယ်။

No comments:

Post a Comment