Image

Friday, May 23, 2014

T . F . O FORUM ( KYAW MYO HAN AND SOCCER-FOLLOW)

T . F . O FORUM 
( KYAW MYO HAN AND SOCCER-FOLLOW)



ဒါဘီ နဲ. ကျူပီအာ ပွဲအပေါ် ကျော်မျိုးဟန် နဲ. S0CCER-FOLLOW တို. ဆွေးနွေးခန်း

ကျော်မျိုးဟန်   ။ SOCCER-FOLLOW ရေ..။ ကျနော်တို. T . F . O ရဲ. သီးသန်.ဘလော.လေးဖြစ်တဲ. TFOSTARS အတွက် ဒါဟာ ကျနော်တို.ရဲ. ပွဲဦးထွက် ဆွေးနွေးခန်းပါပဲ။ ဘလော.အကြောင်း သိပ်မကျွမ်းကျင်သေးလို. ကျနော်တို. ဘလော.လေးဟာ ခမ်းနားထည်ဝါ ၊ ပြည်.စုံခြင်း မရှိသေးပါဘူး။

S0CCER-FOLLOW   ။ ဟုတ်ပါတယ်ဗျာ ။ ကမ္ဘာ.ဖလားအမီ အကောင်းဆုံးလုပ်နိုင်ဖို. မျှော်လင်.ထားပါတယ်။ စလိုက်ကြရအောင်လားဗျာ။

ကျော်မျိုးဟန်   ။ အင်္ဂလန် ချန်ပီယံရှစ် ပလေးအော.ဖ် ဗိုလ်လုပွဲအဖြစ် ဒါဘီ နဲ. ကျူပီအာတို. ရင်ဆိုင်ကြ ပါမယ်။ ကျူပီအာက ၀ီဂန်ကို ကျော်ဖြတ်လာပြီး ဒါဘီက ဘရိုက်တန်ကို သက်တောင်.သက်သာ ဖြတ်သန်းလာခဲ.ပါတယ်။ ကျူပီအာကို ၀ါရင်.နည်းပြကြီး ဟယ်ရီရက်ဒ်နက် ကိုင်တွယ်နေပြီး ဒါဘီကို မက္ကလာရင်က ကိုင်တွယ်နေပါတယ်။ 

S0CCER-FOLLOW   ။ နည်းပြကောင်းနှစ်ဦး ရဲ. ထိပ်တိုက်တွေ.ဆုံပွဲပဲဗျ ။ မက္ကလာရင်က အောင်မြင်မှု ၊ ကျဆုံးမှု ၊ အနိမ်. ၊အမြင်. အတက်အကျတွေနဲ. ဘောလုံးလောကဓံကို တော်တော်လေး ခံစားခဲ.ရတဲ. နည်းပြပဲ။ ဒါဘီကို ပြီးခဲ.တဲ. စက်တင်ဘာလမှာ စတင်ကိုင်တွယ်ခဲ.ပြီး သူ.လက်ထက်မှာ ဒါဘီကောင်တီအသင်း တိုးတက်ပြောင်းလဲလာတယ်လို. ဆိုရပါမယ်။ ဒီရာသီ ချဲလ်ဆီးကို ဧည်.ခံဖူးပြီး ချဲလ်ဆီးက ဒုတိယပိုင်းသွင်းဂိုးနှစ်ဂိုး နဲ. အနိုင်ရခဲ.တယ်။ အဲဒီပွဲကို ကျနော်ကြည်.လိုက်ရပါတယ်။ ဒါဘီကစားပုံ တော်တော်လေး ကောင်းမွန်ခဲ.ပါတယ်။ ဒါဘီက ဘောလုံးကိုင်ကစားလေ.ရှိပြီး မက္ကလာရင်ရဲ. ထုံးစံအတိုင်း တောင်ပံတွေကို အားပြုလေ. ရှိတယ်။ နော်ဝစ်ခ်ျ တိုက်စစ်မှူးဟောင်း ခရစ်မာတင်ကလဲ ပလေးအော.ဖ် ဆီမီးမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းခဲ.သလို ဒါဘီအတွက် စုစုပေါင်း (၂၂)ဂိုးသွင်းပေးခဲ.တယ်။

ကျော်မျိုးဟန်   ။ ဒါဘီက ကစားပုံလဲ ကောင်း ရလဒ်တွေလဲ ကောင်းနေတဲ. အသင်းပါ။ မက္ကလာရင်က တိုက်စစ်အားသန်တဲ. ကစားဟန်ကို အသုံးပြုနေလို. နောက်ဆုံး (၈)ပွဲမှာ (၆)ပွဲတောင် ဂိုးပေါ်ခဲ.ပါတယ်။ ဒီပွဲမှာ ဒါဘီက ကျူပီအာကို ဖိအားပေး ကစားလိမ်.မယ်လို. ထင်တယ်။

S0CCER-FOLLOW   ။ ကျူပီအာက နောက်တန်းမှာ ၀ါရင်.တချို. ရှိပြီး ပရီးမီးယားလိဂ်အတွေ.အကြုံရှိတဲ. ကစားသမားတွေကိုလဲ ပိုင်ဆိုင်ထားတယ်။ ဒါပေမယ်. ၀ီဂန်နဲ. ဒု-အကျော.တုန်းက ကျူပီအာဟာ ဒုတိယပိုင်းရောက်မှ ၀ီဂန်ခံစစ်အားပြုလွန်းလို. ဂိုးရခဲ.တာပါ။

ကျော်မျိုးဟန်   ။ ပင်နယ်တီ ဂိုးကြောင်. ကျူပီအာ ချေပဂိုးရခဲ.တာပါ။ ဂိုးသွင်းခွင်.တွေ ရရှိပေမယ်. အပိုင်အသုံးမချနိုင်ခဲ.ဘူး။ ကျူပီအာက ကောင်တာတိုက်စစ်ကိုပဲ အားပြုကစားပါလိမ်.မယ်။ ကျူပီအာတိုက်စစ်မှူးချာလီ အော်စတင်ကိုတော. ဒါဘီနောက်တန်း တော်တော်လေး သတိထားရပါလိမ်.မယ်။ အော်စတင်က ၀ီဂန်နဲ. ပွဲမှာ နှစ်ဂိုးစလုံးသွင်းပေးခဲ.တဲ. သူလေ ။ ဒီပွဲရဲ. အာရှဈေးကွက် အနေအထားကိုပြောပါဦး။

S0CCER-FOLLOW   ။ ဒါဘီက အစောပိုင်းက သရေ (၃၀)ရှုံးအကျောပေးထားရာကနေ အခု သရေ (၄၀)ရှုံး အကျောပေးထားပါတယ်။ ဂိုးပေါင်းက (၂)ဂိုး (၃၀)ရှုံးမှာ ငြိမ်နေပါတယ်။ ကိုကျော်မျိုးဟန် ဘာကြိုက်လဲဗျ..။

ကျော်မျိုးဟန်   ။ ဒါဘီက ဂိုးအပေါ် စရိုက်လက္ခဏာ ရှိနေတာတောင် ဂိုးပေါင်းဈေးက တော်တော်လေး ပျော.ပျောင်းလွန်းနေတယ်။ နှစ်သင်းစလုံးမှာ တိုက်စစ်မှူးကောင်းတွေ ရှိနေတာကို အခုလို ဖွင်.လှစ်ထားတာ စဉ်းစားစရာပါပဲ။ အာရှဈေးကွက် ဖွင်.သူတွေကတော. ကျူပီအာရဲ. ခံစစ်အားပြု ကစားမှုကြောင်. အခုပွဲကို ဂိုးအောက် ကြိုက်နေတယ်လို. ထင်ပါတယ်။ FOLLOW အရ ဂိုးအောက်က လှနေတယ်ဗျ…။ ဒီပွဲက ပေါင်သန်း ၁၀၀ ကျော် တန်ကြေးရှိတာပါ။ ကမ္ဘာ.ဈေးအကြီးဆုံး ပွဲလို.တောင် ဆိုကြတာပါ။ အများစုကတော. ဂိုးတွေ အပြန်အလှန်သွင်းကြမယ်လို. ထင်ကြပါလိမ်.မယ်။ ဒါပေမယ်. ဂိုးပေါင်းဈေးကတော. တော်တော်လေး ပျော.ပျောင်းနေပါတယ်။ ဂိုးအောက်ကိုပဲ ရွေးသင်.တယ်ထင်ပါတယ်။

S0CCER-FOLLOW   ။ ဒါဘီက ကစားပုံ ကောင်းပြီး စုဖွဲ.မှုလဲ တောင်.တင်းတယ်။ ကျူပီအာက ပရိသတ်ရင်းနှီးပြီးသား ဖြစ်တယ်။ နည်းပြ ဟယ်ရီရက်ဒ်နက်ကို အားကိုးကြတယ်။ ကျနော်ကတော. ဒါဘီ နဲ. ဂိုးအောက်ကို ကြိုက်တယ်ဗျ..။ ဘာလို.လဲဆိုတော. ဒါဘီရဲ. အကျောပေးမှုက ကျူပီအာဘက်နေချင်စဖွယ် ဖြစ်နေလို.ပါ။

ကျော်မျိုးဟန်   ။ ဒါဆို ကျနော်တို. ဖိုရမ်ကနေ ဒါဘီ နဲ. ဂိုးအောက်ကို ရွေးလိုက်ကြတာပေါ.ဗျာ။ T . F . O ပရိသတ်ကြီး နဲ.တကွ ဒီဘလော.လေးကို အားပေးကြသူတွေ စနေညမှာ အောင်ပွဲခံကြပါစေလို. ။     




No comments:

Post a Comment