Image

Thursday, May 22, 2014

LA LIGA NEWS

ဘာစီလိုနာ နည်းပြသစ် အင်းနရစ် ၏ တပ်မှူး(၅)ဦး

ဘာစီလိုနာ နည်းပြသစ်ဖြစ်လာတဲ. လူးဝစ် အင်းနရစ်ဟာ သူ.ရဲ.နည်းပြအဖွဲ.၀င် (၅)ဦးကို ခန်.အပ်လိုက်ပါတယ်။

သြစတြီးယားသားနည်းပြအင်းနရစ်ဟာ ဘယ်လက်ရုံးတစ်ဦး ၊ ညာလက်ရုံးတစ်ဦး ၊ ကြံ.ခိုင်ရေး နည်းပြတစ်ဦး ၊ ကင်းထောက်တစ်ဦး နဲ. အားကစားစိတ်ပညာရှင်တစ်ဦးတို.ကို သူနဲ.အတူ ဘာစီလိုနာဆီ ခေါ်ဆောင်လာပါတယ်။

အင်းနရစ်က " ဘာစီလိုနာ ပထမအသင်းကြီးကို နည်းပြဖို. ကျနော် ဘယ်တုန်းကမှ စိတ်မကူးဖူးပါဘူး။ ဘာစီလိုနာရဲ. အသင်းသီချင်းကြွေးကြော်သံတွေကို ကျနော် နောက်တစ်ကြိမ် ကြားယောင်ခံစားဖို. မျှော်လင်.ထားပါတယ် " လို. ဆိုပါတယ်။

အင်းနရစ်ဟာ ဘာစီလိုနာလူငယ်အသင်းကို ကိုင်တွယ်ခဲ.သူဖြစ်ပါတယ်။ ရိုးမားကနေ ဆဲလ်တာဗီဂိုကို ပြောင်းရွှေ.ပြီးနောက် ဆဲလ်တာဗီဂိုရဲ. ကစားဟန်ကို တော်လှန်ပြောင်းလဲနိုင်ခဲ.သူ ဖြစ်ပါတယ်။

No comments:

Post a Comment